Tuesday, September 2, 2008

Thinlung Thawnthu ဗီစီဒီအယ်ဘမ်သစ်ထွက်ရှိ

၂၀၀၈ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် T.Melody အဖွဲ့ အမည်ဖြင့် မနှစ်ကတည်းက ဖြန့်ရန်တာစူခဲ့သော Thinlung Thawnthu (နှလုံးသားပုံပြင်) Mizo ဗီစီဒီအယ်ဘမ် တစ်ချပ် TSO Music Production မှ အမှန်တစ်ကယ်ထွက်ရှိလာခဲ့ပါပြီ။

၎င်းအယ်ဘမ်မှသီချင်းများကို V.L.Awia, The Rengs [Lalrengpuia] နှင့် Hlimtea တို့က အပျင်းပြေရေးဖွဲ့ တန်ဆာဆင်ပေးထားပါတယ်။ သီချင်းအားလုံး ၁၁ ပုဒ်ပါဝင်ပြီး၊ Live version တစ်ပုဒ်ကို Bonus track အနေဖြင့် (လူအမြင်ကပ်အောင်) ထည့်သွင်းပေးထားပါတယ်။

သီချင်းများအားလုံးလိုလိုဟာ လူငယ်အများစုအတွက် (အမှန်တော့ လူကြီးလူကောင်း တော်တော်များကို ရည်စူးထားခြင်းဖြစ်သည်။ မှတ်ချက်) ရည်ရွယ်ဖန်တီးထားခြင်းဖြစ်ပြီး Rock အသားပေးထားသော ရှားရှားပါးပါး Hard Rock Album တစ်ချပ်လည်း ဖြစ်ပါတယ်။ သီချင်းများကို ရှမ်းရှမ်းတောက် Singer များဖြစ်ကြသော Lalnunsanga နှင့် Zaithanmawia တို့မှ ကြိုးစားပမ်းစား အခေါက်ပေါင်းမရေမတွက်နိုင်လောက်အောင် အပြန်အပြန်အလှန်လှန် (လည်ချောင်းအနာခံပြီး) Studio Engineer သည်းညည်းမခံနိုင်သည်အထိ လေ့ကျင့်ပြင်ဆင်ထားပြီး Rock ဂီတရဲ့ ရှားပါးပြီး သံချေးကိုက်နေတဲ့အငွေ့အသက်အချို့ကို အနှီအဆိုတော်ကြီး ၂ ပါးထံမှ ပြည့်ပြည့်၀၀ ခံစားကြရမှာဖြစ်ပါတယ်။

Mawitea [Hello] နှင့် Babuu [Minuamsa] တို့က ဥာဏ်မှီသလောက် အကောင်းဆုံးရိုက်ချက်များဖြင့် အရောင်တင်ပေးထားကြပြီး၊ TSO Digital Creative မှတတ်သိသမျှအားလုံးပုံအောပြီး တည်းဖြတ်ပေးထားပါတယ်။

ယင်းဗီစီဒီအယ်ဘမ်ကို Producer တစ်ဖြစ်လည်း Ni Lian Sang မှ စိတ်အညစ်ခံ ငွေအကုန်ခံပြီး မိမိသဘောအလျောက် Director လုပ်ပေးထားပါကြောင်း ….

1 comment:

mr.moeyake said...

ကျွန်တော်က ကလေးဇာတိပါ။
အခုတော့ မြစ်ကြီးနားရောက်နေတယ်။
(အဟဲ....မြစ်ကြီးနားသူ မိန်းမချောလေးတစ်ယောက်နဲ့ပေါ့)
အခုလို ကိုယ့်ဇာတိကအငွေ့အသက်လေးတွေ
မြင်ရတာ အလွမ်းပြေပါတယ်။ ဖြစ်နိုင်ရင်
ပို့စ်များများတင်ပေးလေ ... ။
တောင်းဆိုသူ
မိုးရိပ်