Tuesday, September 2, 2008

Internet Cafe ဆိုင်သစ်ဖွင့်လှစ်ရန်တာစူ

ယနေ့အချိန်တွင် သတင်းဆက်သွယ်ရေးမြန်ဆန်မှု၌ မပါမဖြစ်၊ မရှိမဖြစ်သော အင်တာနက်အသုံးပြုမှုသည် နေရာတိုင်း၌ အရှိန်အဟုန်ဖြင့် တိုးတက်နေပါသည်။ ၎င်းတိုးတက်မှုများနှင့်အတူ ကျွန်တော်တို့ ကလေးမြို့ မှ အင်တာနက်အသုံးပြုမှုသည်လည်း နိုင်ငံရပ်ခြားနှင့်ဆက်သွယ်ရာ၌ အလွန်အရေးပါသောအခန်းကဏ္ဍမှပါဝင်ပါသည်။

၂၀၀၂ ခုနှစ်တွင် TSO ကွန်ပျူတာစင်တာမှ အင်တာနက်ဆိုင်ငယ်ကလေးဖွင့်လှစ်ခြင်းဖြင့် စတင်ခဲ့ပါသည်။ ထိုစဉ်က ယခုလောက် အင်တာနက်အသုံးပြုမှုတွင်ကျယ်ခြင်းမရှိသေးဘဲ နိုင်ငံရပ်ခြားနှင့် ဆက်သွယ်ရာတွင် e-mail တစ်မျိုးတည်းကိုသာ အများဆုံးအသုံးပြုကြပါသည်။ ထို့နောက် မကြာမီပဲ Moon Star အင်တာနက် အီးမေးလ်ဆိုင် သစ်တစ်ဆိုင် ထပ်မံတိုးလာခဲ့ပါသည်။ ထို့နောက် တဖြေးဖြေးနဲ့ တစ်ကိုယ်ရည်အင်တာနက်အသုံးပြုမှု တိုးတက်လာခဲ့ပါသည်။ ၂၀၀၇ ခုနှစ်လောက်တွင် လူငယ်ထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်နေပြီဖြစ်ပါသည်။ အင်တာနက်ဆိုင်များမှလည်း အင်တာနက်အသုံးပြုလိုသူ လူငယ်များအား အင်တာနက်အသုံးပြုပုံသင်တန်းများကို အခမဲ့ ပို့ချသင်ကြားပေးခဲ့ပါသည်။

၂၀၀၈ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းတာတွက်ချက်မှုတွင် ကလေးမြို့ရှိ အင်တာနက်သုံးဆွဲမှုပမာဏမှာ တတိယနေရာတွင်လိုက်ကြောင်းလည်း သိရှိရပါသည်။ ထို့ကြောင့် သုံးစွဲမှုပမာဏနှင့် သုံးစွဲနိုင်မှုပမာဏမှာ ညီမျှမှုမရှိဘဲ ဖြစ်နေချိန်တွင် ၂၀၀၈ ခုနှစ် စက်တင်ဘာလအတွင်း နောက်ထပ် အင်တာနက်ဆိုင်တစ်ဆိုင် ထပ်မံတိုးလာမည့်အကြောင်း ဖြစ်လာခဲ့ပါသည်။ ဆိုင်သစ်အမည်မှာ iCafe ဟုအမည်ပေးထားပြီး ၂၀၀၈၊ စက်တင်ဘာလအတွင်း စက်အလုံး ၂၀ ဖြင့် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေပါသည်။ ၎င်းဆိုင်တွင် Webcam နှင့် Headphone များကိုလည်း ထားရှိပေးမည်ဖြစ်ပြီး သန့်ရှင်းသပ်ရပ်သော ဆိုင်အခင်းအကျင်းနှင့် သုံးစွဲသူများသက်သောင့်သက်သာရှိစေရန် စီစဉ်ပေးထားပါသည်။ ကွန်ပျူတာများအားလုံးကို 17″ Viewsonic LCD များတပ်ဆင်ပေးထားပါသည်။

1 comment:

Anonymous said...

ဘယ်မှာဖွင့်မှာလဲခင်ဗျာ။ ကျနော်လည်းကလေးကပါ။