Thursday, September 4, 2008

ပျင်းပျင်းရှိတာနဲ့...

တစ်ခါတစ်ခါ ဘာမှလုပ်စရာမရှိတဲ့အခါမျိုး.. အဲ တစ်ကယ်တော့ ဘာလုပ်ရမှန်းမသိဖြစ်နေတာမျိုး .. အဲလိုအချိန်မျိုးကြရင် တော်တော် အနေရအထိုင်ရခက်တယ်ဗျ။ ဖတ်စရာ သိုင်းစာအုပ်လည်းမရှိ။ ဂျာနယ်တွေကျပြန်တော့ အသင်းစွဲလေးတွေကိုယ်စီနဲ့ဆိုတော့ ဖတ်ရတာလည်း သိပ် feel မလာတော့ပါဘူး။ ဖတ်ပြီးသားလည်း ထပ်မဖတ်ချင်။ စိတ်ဒုန်းဒုန်းချပြီး ၂ ပေဘဲကြည့်တော့မယ် ဆိုပြန်တော့ Code ကတက်မလာ… ကြာတော့ရှိစေတော့…ပေါ့။ ဆိုတော့ကာ… နောက်ဆုံး ကွန်ပျူတာရှေ့ပဲ ရောက်ရပြန်တာပဲ။

Firefox လေးဖွင့် Software အသစ်အဆန်းကလေးများရှိမလားဆိုပြီး အလကားရနိုင်မည့် website တွေထဲ လှည့်ပတ်မွှေကြည့်။ ကိုယ်လိုချင်တဲ့ File က ဆိုဒ်ကြီးနေရင်တော့ အဝေးကပဲ လွမ်းရတာပေါ့ဗျာ။ သူတို့တောင်းသလောက်တော့ တတ်နိုင်သေးဘူးဗျ။ သူငယ်ချင်းမိတ်ဆွေတွေရဲ့ ဆိုဒ်တွေထဲဝင်ဆရာကြီးလုပ်။ ဘောလုံးသတင်းလေးဝင်ဖတ် (သူများထက်အရင်သိတယ်ဆိုပြီး ကြွားဖို့)။ ပြီးတော့ Chat ထဲ ကိုယ့်လူ ဘယ်သူတွေရောက်နေလဲ ၀င်ကြည့်။ Gmail ထဲက မရှင်းတာကြာပြီဖြစ်တဲ့ Spam တွေကို ၀င်ရှင်း။ Breaking Benjamin ရဲ့သီချင်းလေး နားထောင်ရင်းပေါ့။ ဆိုတာသာနားမလည်တာ နားထောင်လို့တော့ အကောင်းသားဗျ။ ကိုယ်တို့မြန်မာနိုင်ငံတော်ကြီးမှာလည်းပဲ အခုဆိုရင် Own တွေကို တော်တော်လေးလုပ်လာကြပြီဗျ…။ နိုင်ငံခြားက ဟိုသီချင်းလိုလို…ဒီသီချင်းလိုလိုနဲ့ နာမည်ကြီးများရဲ့အနှစ်တွေကို တစ်စုတစ်စည်းတည်း mix လုပ်ပေးထားတာဆိုတော့ ကျေးဇူးတောင် အတော်တင်ရသေးဗျ။ ဒဲ့ကြီးမဟုတ်တော့လည်း ဘာပဲဖြစ်ဖြစ် အများကြီးကောင်းလာပြီလို့ပဲ မျက်စိမှိတ်မှတ်ယူရတာပေါ့လေ။ ကိုယ်ကသာ သိပ်ပြီးအဖြစ်မရှိချင်တာ ပြောချင်စရာလေးများ တွေ့လိုက်လို့ကတော့ မနေဘူး မောင်။ တစ်ကယ်တွေးကြည့်ရင်လည်း မြန်မာကိုယ်ပိုင်ဟန်စစ်စစ်နဲ့ ဆိုတာကြီးက မဖြစ်နိုင်ပါဘူး။ ဆိုတတ်တဲ့သူဆိုတာကို အားပေးရမှာပေါ့ဗျာ။ မဆိုတတ်တော့လည်း ဆော်မကြည်စရာမရှိပါဘူး… နဂိုနည်းနည်းရှိထားရင်ပေါ့လေ။ ဆိုတတ်သလိုလို… မဆိုတတ်သလိုလိုတွေကြတော့ ဘာကြီးမှန်းကိုမသိတာ။ ဘယ်လို follow လိုက်ရမှန်းကိုမသိတာ။ (ဂီတလောကမှ အချို့ပုဂိုလ်ကြီးများနှင့် စကားစမြည်များကို နောင်များမှဝေေ၀ဆာဆာ လက်အညောင်းခံ ဝေမျှပါဦးမယ်)

No comments: